Lists of Irregular Verbs
Wednesday, March 11, 2020
ရာထူးအခေါ်အဝေါ်များ နှင့် ဝန်ထမ်းဝေါဟာရများ
ရာထူးအခေါ်အဝေါ်များ နှင့် ဝန်ထမ်းဝေါဟာရများ
President
=
သမ္မတ
Vice
President = ဒုတိယသမ္မတ
Pyidaungsu
Hluttaw Speaker = ပြည်ထောင်စု လွှတ်တော်နာယက
Minister
= ဝန်ကြီး
Deputy
Minister = ဒုတိယဝန်ကြီး
Prime
Minister = ဝန်ကြီးချုပ်
PyiThuHluttaw
representative = ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
Mayor
= မြို့တော်ဝန်
Consulate
General = ကောင်စစ်ဝန်
Ambassador
= သံအမတ်
Ambassadress
= အမျိုးသမီး သံအမတ်
Intelligent
Officer = ထောက်လှမ်းရေး အရာရှိ
Inspector = ရဲအုပ်
Sub-Inspector
= ဒု-ရဲအုပ်
Police
Station Officer = စခန်းမှူး
Surveillance
Officer = နယ်ထိန်း အရာရှိ။
Police
Warrant Officer = ရဲအရာခံ (မှုခင်း)
Police
Sergeant = ရဲတပ်ကြပ်ကြီး
Bobby
=ရဲသား
Buddy
=
ရဲဘော်
Township
Officer = မြို့နယ်မှူး
Assistant
Township Officer = လက်ထောက်မြို့နယ်မှူး
Deputy
Township Officer = ဒုတိယ မြို့နယ်မှူး
Immigration
Officer = လဝကမှူး
Deputy
Assistant Immigration Officer = ဒု လ/ထ လဝကမှူး
Chairman/President
= ဥက္ကဋ္ဌ
Director
General = ညွှန်ကြားရေးမှူးချုပ်
Managing
Director = ဦးဆောင်ညွှန်ကြားရေး မှူး
Director
= ညွှန်ကြားရေးမှူး
Deputy
Director = ဒု ညွှန်ကြားရေးမှူး
Assistant
Director = လက်ထောက်ညွှန်ကြားရေးမှူး
Secretary
= အတွင်းရေးမှူး
Joint
Secretary = တွဲဖက် အတွင်းရေးမှူး
General
Manager = အထွေထွေမန်နေဂျာ
Chief
Officer = ဦးစီးမှူး
Member
= အဖွဲ့ဝင်
Circle
Officer = တိုက်နယ်အရာရှိ
Officer
in Charge = တာဝန်ခံ အရာရှိ
Supervisor
= ကြီးကြပ်ရေးမှူး
Supervisor
in Charge = ကြီးကြပ်ရေးတာဝန်ခံ
Township
Medical Officer (TMO) =မြို့နယ်ကျန်းမာရေး ဦးစီးဋ္ဌာန မှူး၊ မြို့နယ်ဆရာဝန်
Station
Medical Officer = တိုက်နယ်ဆရာဝန်
Township
administrator = မြို့နယ်အုပ်ချုပ်ရေးမှူး
Village
administrator = ကျေးရွာအုပ်ချုပ်ရေးမှူး
100
Houses Group Elder = ရာအိမ်မှူး
10
Houses Group Elder = ဆယ်အိမ်မှူး
Town's
Elder = မြို့မိမြို့ဖ
Street
Elder = လမ်းမှူး
Ward
Elder = ရပ်ကွက်မှူး
Village
Head Man = ရွာသူကြီး
Trustee
= ဂေါပက
Chief
Justice of the Union = နိုင်ငံတော် တရားသူကြီးချုပ်
Attorney
General = နိုင်ငံတော် ရှေ့နေချုပ်
Sessions
Judge = စက်ရှင် တရားသူကြီး
Additional
Sessions Judge = ရာဘက်စက်ရှင် တရားသူကြီး
Additional
District Magistrate = ရာဘက် စက်ရှင်တရားသူကြီး
Government
Advocate = တရားရုံးချုပ်ရှေ့နေ
Barrister
at Law = ဝတ်လုံတော်ရ
Doctor
of Law = ဥပဒေပါရဂူ
Notary
Public = စာချုပ်စာတမ်းဆိုင်ရာ
ရှေ့နေ
Higher
Grade Pleader = အထက်တန်းရှေ့နေ
Lawyer
= ရှေ့နေ
Judge
/ Adjudicator = တရားသူကြီး
Appraiser
= ရာဘက်တရားသူကြီး
First
Class Power Magistrate = ပထမတန်း အာဏာရတရားသူကြီး
Special
Power Magistrate = အထူးအာဏာရ ပြစ်မှုတရားသူကြီး
Higher
Authority = အထက်အာဏာပိုင်
Superior
Officer = အထက်အရာရှိ
Patron
= နာယက
Administration
Officer = သင်တန်းအုပ်ချုပ်ရေးမှူး
Jailor
= ထောင်မှူး
Accused
= တရားခံ
Complaint/
Plaintiff = တရားလို
Petition
Clerk = လျှောက်လွှာစာရေး
Bailiff
= ဘီလစ်စာရေး
Judicial
Office Grade (3) = တရားရေးဝန်ထမ်း အဆင့် ၃
Civil
Service = နိုင်ငံ့ဝန်ထမ်း
Bishop
/ Arch Bishop = ဂိုဏ်းချုပ်
ရာထူးအခေါ်အဝေါ်များ ၂
DD ဒု-ညွှန်
Deputy Director
AD လက်ညွှန်
Assistant Director
SO ဦးစီး
Staff Officer
DSO ဒု-ဦးစီး
Deputy Staff Officer
BC ဌာနခွဲစာရေး
Branch Clerk
EE အင်ဂျင်နီယာမှူး
Executive Engineer
AE လက်ထောက်အင်ယာ
Assistant Engineer
SAE အငယ်တန်းအင်ယာ-၂
Sub Assistant Engineer
JE အငယ်တန်းအင်ယာ
-၃ Junior Engineer
Director
ညွှန်မှူး
DYSE
ဒု အင်ယာမှူးကြီး Deputy Superintendent Engineer
ဝန်ထမ်းဝေါဟာရများ
လစာနှင့်စရိတ်
= pay and allowance
အလုပ်သင် = under-training
အစမ်းခန့်
= probation
ရာထူးအနွယ်
= lien
ချိန်နှုန်းလစာ
= time - scale pay
ပုံသေလစာ
= fixed pay
ကနဦးလစာ = initial pay
လုပ်ခ
= wages
လစာနှုန်း = pay - scale
အမြင့်ဆုံးလစာ
= maximum pay
အနိမ့်ဆုံးလစာ = minimum pay
နှစ်တိုး
= increment
ဒေသစရိတ် = compensatory local allowance
အလုပ်ခွင်စည်းကမ်း
= Conditions of work
အလုပ်ချိန်စည်းကမ်း
= Conditions during working hours
ဌာနဆိုင်ရာအရေးယူခြင်း
= Departmental Action
အယူခံပိုင်ခွင့်
= Right of Appeal
စွဲချက်တင်ခြင်း = Charge
စည်းကမ်း
= Discipline
ကျင့်ဝတ်
= Conduct
ဂရုဏာကြေး
= Compassionate Allowance
ခန့်ပိုင်ခွင့်ရှိသူ
= Appointing Authority
......................
ခွင့်အမျိုးအစားများ နှင့် ပင်စင်အမျိုးအစားများ
ကို မြန်မာ၊အင်္ဂလိပ် နှစ်မျိုး
(၁)ရှောင်တခင်ခွင့်
(Casual Leave)
(၂)ကူးစက်ရောဂါကာကွယ်ခွင့်
(Quarantine Leave)
(၃)လုပ်သက်ခွင့်
(Earned Leave)
(၄)ဆေးလက်မှတ်ခွင့်(Medical
Leave)
(၅)လစာမဲ့ခွင့်
(Leave Without Pay)
(၆)မီးဖွားခွင့်
(Maternity Leave)
(၇)အထူးမသန်စွမ်းခွင့်
(Special Disability Leave)
(၈)ဆေးရုံခွင့်
(Hospital Leave)
(၉)သင်္ဘောသားနာမကျန်းခွင့်
(Seaman' Sick Leave)
(၁၀)ပညာလေ့လာဆည်းပူးခွင့်
(Study Leave)
ပင်စင်အမျိုးအစားများ
(၁)သက်ပြည့်ပင်စင်
(superannuation pension)
(၂)နှစ်ပြည့်ပင်စင်
(retiring pension)
(၃)နာမကျန်းပင်စင်(invalid
pension)
(၄)လျော်ကြေးပင်စင်(compensation
pension)
(၅)အထူးပင်စင်(
extraordinary pension)
(၆)မိသားစုပင်စင်
(family pension)
(၇)လျှော့ပေါ့ပင်စင်
(reduction pension)
Friday, March 6, 2020
screening test ကိုမြန်မာလိုဖြေရှင်းချက် ၂၂ ပုဒ်
screening test ကိုမြန်မာလိုဖြေရှင်းချက် ၂၂ ပုဒ်
***************************************
(1)Corruption not only---------resources but also benefits the privited and derives the poor.
A. drains ; B. gains;
C. uses ; D. wastes
ဒီနံပါတ်က Vocabulary ကိုစစ်မေးတာပဲဖြစ်တယ်။ပေးထားတဲ့စကားလုံးအဓိပ္ပါယ်တစ်ခုချင်းစီကို သိမှဖြစ်မယ်။ပေးထားတာက drains ယိုစီးထွက်သည်။ gainsကြမ်းတမ်းစေသည်။ uses သုံးသည်နဲ့ wastes အကျိ ု းမဲ့ဖြုန်းတီးပစ်သည်။မေးတာကအဂတိလိုက်စားမှုသည် အခွင့်ထူးခံများအကျိ ု းဖြစ်ထွန်းစေတတ်ဆင်းရဲသားတွေကို အခွင့်အရေးမပေးဘူး။ အရင်းအမြစ်တွေကိုတော့ အကျိ ု းမဲ့ဖြုန်းတီးစေသည် ဖြစ်ရမယ်။ ရှေ့(၃)ခုကဘာသာပြန်လို့ဘယ်လိုမှအဆင်မပြေဘူး။
ဒါကြောင့်မို့အဖြေကဖြုန်းတီးသည်ပဲပေါ့။
(2)I am very -----------by the wisdom of the decentralized and highly organized leadership of your department.
A. impress
B. impressed
C. impresses D. D impressing
ဒီအပုဒ်ကတော့ရှင်းပါတယ်။Word Form ကိုမေးတာပါပဲ။ပေးထားတဲ့ဝါကျရဲ့ကွပ်လပ်ရှေ့မှာ Verb to be ရှိတယ်။နောက်မှာက by လုပ်သူပါတယ်။ဒါဆိုသေချာတာကတော့ကြားကွက်လပ်မှာ V3 ပေါ့။ဒီအဖြေက impressed ပေါ့။
(3)An honest person has --------to fear from an integrity test.
A.anything B.everything
C.nothing D.something
ဒီနံပါတ်ကလည်းအသုံးအနှုန်းသုံးစွဲပုံကို သိထားရင် အလွန်လွယ်ပါတယ်။ရိုးသားသူတစ်ယောက်ကအကျင့်စာရိတ္တစစ်မေးရာမှာကြောက်စရာမလိုဘူးလို့ဖြေရမှာ။ဒီတော့ပေးထား Verb မှာ not မပါတော့ nothing ကိုပဲရွေးပေါ့။
(4)Our ---------principles will be those of tranparency accountabality and responsibility.
A.guardain B.guidance
C.guide D.guiding
ဒီမေးခွန်းကျတော့လွယ်သွားပြီ Word form ဆိုင်ရာမေးခွန်းပါပဲ။ကွပ်လပ်နောက်မှာက Noun ဒီတော့ရှေ့ရပ်ကွက်မှာAdjective ဖြစ်ရမှာပေါ့။ပေးထားတဲ့အဖြေလေးခုမှာ Adjective အဖြစ်သုံးလို့ရတာတစ်ခုတည်းရှိတယ်။အဲ့ဒီတော့အ
ဖြေက guiding ပေါ့။
(5)The poliey of this government is to ---------aquity in its prictures.
A.deal with B.harness
C.manage D.promote
ဒီနံပါတ်က Vocabulary ကိုမေးတာပါ။ ပေးထားတဲ့စကားပုံတွေရဲ့အဓိပ္ပါယ်ကိုတီးမိခေါက်မိဖို့တော့လိုပါတယ်။ deal with လုပ်ကိုင်ဆောင်ရွက်သည်။ harness ကတော့မြင်းကကြိုးတပ်ဆင်သည်။ manage ကစီမံသည်။ promoteကမြှင့်တင်သည်။ပေးထားတဲ့ဝါကျကအစိုးရ၏မူုဝါဒသည်လုပ်ငန်းကျင့်သုံးရာမှ ညီတူညီမျှဖြစ်အောင်လုပ်ကိုင်ဆောင်ရွက်သည်လို့ဖြစ်ရမှာ။ဒါကြောင့် deal with ကိုရွေးရမည်။
(6)What we---------value is the ethos or permonent moral level of his work.
A. especially ; B. generally ;
C. naturally ; D. traditationally
ဒီနံပါတ်ကတော့စစ်မေးတာပါပဲ။ဒီ တော့ especially အထူးသဖြင့်။ generally ယေဘုယျအားဖြင့်။naturally သဘာဝအားဖြင့်။Traditationallyရိုးရာအစဉ်အလာအားဖြင့်စသည်ဖြင့်သိထားသင့်ပါသည်။ဝါကျရဲ့အဓိပ္ပါယ်ကကျွန်တော်တို့ရဲ့တန်ဖိုးထားတာကသူ့ရဲ့လက်ရာတွေအပေါ်ထားတဲ့စိတ်နေစိတ်ထားဒါမှမဟုတ်အငိုင်းအဝိုင်းတစ်ခုလုံးရဲ့အပေါ်ထားတဲ့ခိုင်မြဲတဲ့စိတ်ဓါတ်အဆင့်အတန်းကိုဒီလိုဆိုရင် Especially ဆိုတဲ့အထူးသဖြင့်ဆိုတာကိုပဲရွေးချယ်လို့ရမယ်ကျန်တဲ့သုံးခုကရွေးလို့့ကိုမရဘူး။
(7)Professionalism in a job is a job is a combination ---------shill and high standards ofvperformance.
A. by B. in
C. of D. through
ဒီမေးခွန်းကတော့အလွန်လွယ်ပါတယ်။စာဖတ်နိုင်ရင် တန်းဖြေလို့ရတဲ့မေးခွန်းပါ။ a combination of ဆိုတာကအတွဲလိုက်ပါပဲ။
(8)In order to operate at maximum efficiency;we must ---------our plans with those of other departments.
ထိရောက်သောဆောင်ရွက်မှုတွေကိုဖော်ဆောင်ရာမှာအခြားဌာနတွေနဲ့အတူကျွန်တော်တို့စီမံကိန်းတွေကိုA.ပူးပေါင်းလုပ်ဆောင်ရမယ်။
B.ပူးပေါင်းလုပ်ဆောင်ရမယ်။C.ပူးပေါင်းဆောင်ရွက်တယ်ဆိုတာအကောင်းဆုံးဖြစ်တယ်။
(9)Federalism is a ---------ofvgovernment with one;strong;central; governing authority as well as smaller units;such as states.
A. body B. party
C. system D. unit
Federalism ကိုယ်ပိုင်အုပ်ချ ု ပ်ခွင့်စနစ်ဆိုကတည်းကအဖြေကရှင်းနေပါပြီ။ a system of government ဖြစ်ရမှာပေါ့။ဒီတော့အဖြေမှန်က system ပါပဲ။ ကျန်တဲ့သုံးခုကိုထည့်ဘာသာပြန်ကြည့်ရင်ဆီလျှော်မှုမရှိဘူးလေ။
Flexibility of service delivery is of paramount---------in our department.
A. importance B. possibility
C. quality
D. value
ဒီမေးခွန်းကတော့Word form လည်းဆန်တယ်။ပြီးတော့ Vocabulary ကိုလည်းစစ်မေးထားတယ်။ပထမဆုံးသတိထားသင့်တာကကွက်လပ်ရှေ့က paramount ဆိုတဲ့စကားလုံးက Adjective အဆင့်အမြင့်ဆုံး သော ထိပ်တန်းကျသော။ဒါဆိုနောက်က Noun လိုက်ရမှာ။ ဒီတော့ C က quality ဆိုတော့ verb ဖြစ်နေတယ်။သူ့့ကိုလုံးဝပယ်လို့့ရပါတယ်။ကျန်တဲ့သုံးခုကအရေးပါမှု ဖြစ်နိုင်မှု နဲ့တန်ဖိုးဖြစ်တယ်။ ဒီတော့အဆင့်မြင့်ဆုံးအရေးပါမှုပဲဖြစ်ရမယ်။ဒါကြောင့် importance ကို ရွေးလိုက်ပါ။
(11)With advances in technology it is inevitable that there will be job ---------and job insecurity.
A. loose B. lose
C. loses D. lost
ဒီနံပါတ်လည်းလွယ်တယ်။ပေးထားတဲ့စကားလုံးလေးလုံးကိုဆင်ခြင်ကြည့်ရင်အဖြေထွက်တယ်။(A) က loose (Adj) (verb) ; (B) lose(v);(D)ကlost(V3)မေးထားတဲ့ကွက်လပ်ကမျိုးတူnounအုပ်စုနှစ်ခုကို and ဆက်ထားတာ ဒီတော(့C)losesကိုပဲအဖြေမှန်ရွေးလ်ုက်တော့ပေါ့။
(12)The two mayors have very different --------to the governmance of their cities.
A. approaches B B Bmethods
C. norms
D. reasons
မြို့တော်ဝန်နှစ်ယောက်မှာသူတိ့ု့မြို့တွေကိုအုပ်ချ ုပ်နည်းစနစ်တွေမှာချဉ်းကပ်နည်း။နည်းစနစ်လက်မှတ်မှုခံများ။အကြောင်းပြချက်တွေနဲ့ပါ။ဒီနေရာမှာ(C)နဲ့(D)ကလုံးဝမဖြစ်နိုင်ဘူး။ဒါဆိုရင်(A)ချဉ်းကပ်နည်း(B)နည်းစနစ်နှစ်မျိုးကျန်တယ်။approaches ကတစ်ကောက်ကောက်ကိုင်တွယ်တဲ့နည်းလမ်း။method ကကိစ္စတစ်ခုခုကိုကိုင်တွယ်ဆောင်ရွက်မှု။လူတွေကိုအုပ်ချုပ်ရတာဆိုတော့ရှင်းတယ်။approchesကိုရွေးရမယ်။
(13)There are some challenges but we--------some success in democratizing our country.
A. had B. had had
C. have D. have had
ဒီမေးခွန်းက use of Tense အပိုင်းပါ၏။မြင်တတ်ရင်အဖြေကရှင်းတယ်။ဝါကျနစ်ကြောင်းကို conjunction နဲ့ဆက်ထားတယ်။ရှေ့ဝါကျက are Viဆိုတော့(A)နဲ့(B)က လုံးဝမဖြစ်နိုင်တော့ဘူး။ဒီတော့ C နဲ့ D ကိုစဉ်းစားတယ်။ မှန်ကန်မှု သဘောလား လုပ်ဆောင်ပြီးစီးမှု လား စဉ်းစားကြည့်ရင် လုပ်ဆောင်ပြီးစီးမှု သဘောဖြစ်နေတယ်။ ဒါကြောင့် (D) have had ကိုပဲရွေးရပါမယ်။
(14)We are working very hard to keep in democratic those ---------in our community.
A. alive B.live C. lively D. living
ကွက်လပ်ရဲ့အနေထားက verb ဝင်လိ်ု့့မရတော့ဘူး။ဝင်မယ်ဆိုရင်တောင် V3 နဲ့ Ving ပဲဖြစ်ရမယ်။V3 မပါလို့ live ကိုပယ်လိုက်တော့advကလည်းဝင်လိ့ု့ရတဲ့နေရာမဟုတ်တော့ lively ဖြုတ်မယ်။ဒီတော့ alive နဲ့ living ပဲကျန်တော့တယ်။ရှေ့ to ူနောက်မှာ keep ဆိုတဲ့verb ကိုတွေ့ရမယ်။ သူနဲ့သာတွဲမယ်ဆိုတစ်ခုပဲရှိတော့တယ်။အဲ့တာက (A) alive ပေါ့။
15 .His ethics are questionable --------we don't think some of the he does may be morally wrong.
A.and B.as C.but D.so
ဝါကျနှစ်ကြောင်းပေးထားတယ်conjuctionနဲ့ဆက်ခိုင်းတယ်။သူရဲ့လူမှုကျင့်ဝတ်တွေကမေးခွန်းထုတ်စရာနောက်တစ်ကြောင်းကတစ်ချို့ကိစ္စတွေမှာကိုယ်ကျင့်တရားပျက်ယွင်းများတယ်လို့မထင်ဘူးလို့ပြောထားတယ်။ရှေ့နဲ့နောက်ကဆန့်ကျင်ဘက်ဖြစ်တယ်။နော်ဝါကျမှာnotမပါတော့(C) thatကိုရွေးလိုက်တော့ပေါ့။
16. Our aim is to --------- a fairer,more inclusive democratic society.
A.assist B.create C.demand D.organize
ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကမျှမျတတပဲ။အားလုံးပါဝင်၏ဒီမိုကရေစီအဖွဲ့အစည်းတစ်ခုကိုကူညီဖို့လား။ဖန်တီးဖို့လား။တောင်းဆိုဖို့လား။တည်ဆောက်ဖို့လား။။ရှေ့သုံးခုကမဖြစ်နိုင်ဘူး။ကူညီရုံ ဖန်တီးရုံ တောင်းဆိုရုံ နဲ့မရပါဘူး။ဒီတော့တည်ဆောက်ဖို့ organize ရွေးလိုက်ပါ။
17.The state ------ensure the indenpendence and impartiality of the justice system .
A.can B.may C.must
D. would
ပေးထားတဲ့စာကြောင်းမှာ ကိုensure သေချာတယ်ဆိုမှတော့ သေချာမှာသုံးရတဲ့mustကိုရွေးလိုက်ပေါ့။အခြားမရေရာတာတွေဖယ်လိုက်ပါ။
18. Judges must -------- the evidence linking him to the crime logically and objectively.
A.conduct B. decide
C.search D.weigh
ဒီမေးခွန်းကလဲလွယ်ပါတယ်။တရားသူကြီးတွေကရာဇဝတ်မှုနဲ့ အထက်နေတဲ့သက်သေကိုယုတ္တိရှိရှိ ဓမ္မဓိဌာန်ကျကျ ဘာလုပ်ပေးမလဲဆိုတော့ချိန်ဆပေးရမှာပေါ့။ဒီတော့weighကိုရွေးပါ။
19. Our staft are promoted -------on their performance not on their qualification.
A.based B.focussing
C.founded D.relying
ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကိုအရည်အချင်းပေါ်မှာမဟုတ်ဘဲသူတို့ရဲ့လုပ်ဆောင်အှုတွေအပေါ်မှာ----------ပြီးတော့ရာထူးတိုးပေးပါတယ်။ပြောချင်တာ Bနဲ့Cကလုံးဝလွဲသွားပြီ။Aနဲ့Dပဲကျန်တော့တယ်။အမှတ်တမဲ့ရွေးရင်(A) based အခြေပြုတာကိုရွေးမိမယ်။မဟုတ်ဘူးတကယ်တော့(D)relying စိတ်ချအားထားရသည့်/မူတည်သည်ဆိုတာကိုရွေးရမှာ။
20. They promised that the pain would not go ahead if it were --------the opinion of the mojority.
A.against
B.position
C.contradiciting D.opposite
against may beyoun ဆိုတာကျော်လွန်တာ။ဒီတော့ဒါကမဖြစ်နိုင်ဘူး။
against ဆန့်ကျင်လျှက်/မထောက်ခံ/တိုက်ဖျက်လျှက်beyond ကျော်လွန်၍contracting ပြောတဲ့လူကိုဆန့်ကျင်တာ oppositeလုံးဝကိုမတူတာ ဆန့်ကျင်တာ သူတို့က ကတိပေးဆယ် လုံးဝမထောက်ခံဘူးပေါ့။ဒါဆိုရင်againstကိုရွေးရပါ့မယ်။
21. We practise meritocracy a system in which people have power because of their abilities,not because of their money-----------.
A.relation
B.position
C.qualitication
D.situation
relation ကဆက်သွယ်မှုဆိုတာတော့လုံးဝမဖြစ်နိုင်ဘူး/
meritocracy ဆိုတာကထိုက်ထိုက်တန်တန်အုပ်ချုပ်ခြင်း / အရည်အသွေးရှိတဲ့သူကအုပ်ချုပ်တဲ့နေရာရှေ့မှာabilitiesကပါပြီးသားဆိုတော့ qualification ကိုဖြုတ်ခဲ့တော့/ငွေကြောင့်မဟုတ် ရာထူးကြောင့်မဟုတ်ဟု ပြောချင်တာဒီတော့ positionကိုရွေးလိုက်တော့ပေါ့။
22. Courage and Intellectual honesty are essential ----------of politicians.
A.characteristies
B.properties
C.qualities
D.traits
Courage ရဲရင့်မှုသတ္တိနဲ့တွေးခေါ်နိုင်စွမ်းရှိတဲ့ရိုးဖြောင့်ခြင်းဆိုတာဟာန်ုင်ငံရေးသမားတွေရဲ့ B ပိုင်ဆိုင်သောဥစ္စာပစ္စည်းများဆိုတော့ B မဖြစ်နိုင်ပါ။တစ်ခါtraits ဆိုတော့စရိုက်သည်လက္ခဏာ ဒါလဲမဖြစ်နိုင်ဘူး။ charactenstics ကတော့ဝိသေသထူးခြားချက် နိုင်ငံရေးသမားများမှ ဒီထူးခြားချက်က ရှိတာ မဟုတ်ပါဘူး။ဒီတော့(qualitiesအရည်အသွေးကိုပဲရွေးလိုက်ပါ)
23. We need people with ---------- skill such as problem solving and critical reasoning.
A.transfer B.transferrable
C.transferred
D.transferring
ဒီအကြောင်းကword form ကိုစစ်မေးတာပါ။ကွက်လပ်ရဲ့နောက်မှာNရှိတော့ကွက်လပ်ထဲမှာAdjectiveထည့်ရပါမယ်။အဲ့ဒီလိုဆိုရင်တော့ adverbဖြစ်နေတော့ဖယ်လိုက်တော့။ B,C,Dထဲကပဲအဖြေမှန်ဖြစ်တော့မယ်။တခါ ကွက်လပ်ရဲ့ရှေ့မှာအထူးပြုခံရတဲ့Nရှိလားလို့ကြည့်ပြန်တော့လဲမရှိဘူး။preposition withလဲရှိတယ်ဒီလိုဆိုရင် C နဲ့D ကိုထပ်ဖယ်လိုက်တော့အဖြေမှန်က B ပေါ့။
Thursday, March 5, 2020
ဝန်ထမ်းများစောင့်ထိန်းရမည့်ကျင့်ဝတ်များ
ဝန်ထမ်းများစောင့်ထိန်းရမည့်ကျင့်ဝတ်များ
၁။ နိုင်ငံတော် ကျေးဇူးသစ္စာစောင့်သိရန်
၂။ တည်ဆဲဥပဒေများ လေးစားလိုက်နာရန်
၃။ ပြည်သူများ အကျိုးစီးပွားအား အလေးထားရန်
၄။ တာဝန်နှင့်ဝတ္တရားများ ကျေပွန်ရန်
၅။ ပြည်သူပိုင်ပစ္စည်း/ဘဏ္ဍာငွေ ယိုဖိတ်ဆုံးရှုံးမှုမရှိစေရန်
၆။ အကျင့်စာရိတ္တကောင်းမွန်ရန်
၇။ မရိုးသားသောနည်းဖြင့် အခြားဝင်ငွေရှာခြင်းမပြုရန်
၈။ ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်ရန်
၉။ ဌာနပိုင်ပစ္စည်းများ ခွင့်ပြုချက်မရှိဘဲ မသုံးစွဲရန်
၁၀။ နိုင်ငံတော် အကြည်ညိုပျက်စေမည့် စာအုပ်/စာတမ်း ရေးသားခြင်း ဖြန့်ဝေခြင်းမပြုရန်
၁၁။ လုပ်ငန်းစွမ်းဆောင်ရည် အရည်အချင်း အစဉ်တိုးတက်နေစေရန်
၁၂။ ဝန်ထမ်းကျင့်ဝတ် စည်းမျည်း စည်းကမ်းများ လိုက်နာရန်
၁၃။ တာဝန်အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာအား အလွဲသုံးစားမပြုရန်
လာဘ်ပေး လာဘ်ယူမှု ရှောင်ကျဉ်ရန်
၁၄။ အမိန့်နှင့် ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရန်
၁၅။ နိုင်ငံတော် လုံခြုံရေးနှင့်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမည့် လှုပ်ရှားမှု (သို့ ) လှုံ့ဆော်မှုတွင် ပါဝင်ခြင်းမရှိစေရန်။
ဝန်ကြီးဌာနနှစ်ခုပေါင်းစည်းထားသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းကို ခန့်အပ်
ဝန်ကြီးဌာနနှစ်ခုပေါင်းစည်းထားသည့်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးအဖြစ်
ဦးစိုးဝင်းကို ခန့်အပ်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၄၆/၂၀၁၉ ဖြင့် ပြောင်းလဲတာဝန်ပေးလိုက်သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်
စက်မှုဝန်ကြီးဝန်ကြီးဌာနတို့ကို
ပေါင်းစည်းကာ "စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန"အဖြစ် ပြင်ဆင်ဖွဲ့စည်းရေးကို နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌
မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနနှစ်ခုပေါင်းစည်းရေးကိစ္စကို
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ
ဒုတိယဝန်ကြီး ဦးဆက်အောင်က နိုဝင်ဘာလ (၁၅) ရက်နေ့က လွှတ်တော်တွင် တင်ပြခဲ့ပြီး ဝန်ကြီးဌာနနှစ်ခုကို ပူးပေါင်းခြင်းအားဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာလုပ်ငန်းစဉ်များ
ပိုမိုမြန်ဆန်ထိရောက်စေမည်ဖြစ်ပြီး
လက်ရှိတွင်လည်း စက်မှုဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်မှု လက်အောက်ရှိ နိုင်ငံပိုင် စက်ရုံ ( ၅၇ ) အနက် စက်ရုံ (၄) ရုံသာလျှင် အမြတ်ဖြင့်
လည်ပတ်နေနိုင်ခြင်းဖြစ်ကြောင်း
လွှတ်တော်တွင် ရှင်းလင်းထားသည်။
ယင်းကဲ့သို့
ပေါင်းစည်းခြင်းသည် ဝန်ကြီးဌာနတစ်ခုအား ဖျက်သိမ်းခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ ရည်မှန်းချက်များ ပို၍ထိရောက်မြန်ဆန်စေရန်ဖြစ်သည်ဟု
နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက ရှင်းလင်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော်တွင်
ဝန်ကြီးဌာနပေါင်းစည်းရေးအား
ဆုံးဖြတ်ရာ ထောက်ခံမဲ (၃၄၉) မဲ၊ ကန့်ကွက်မဲ (၂၂၂) မဲ ၊ကြားနေမဲ (၂
)မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
Discussion of I visit to the Museum
Discussion of I visit to the Museum
Last
Saturday, We (training class team) went and learned about the Museum at 10 to 12 AM. And we got some
experiences about our custom and cultural accessories. So, I want to share what
experiences I got. Firstly, the curator explains about spiritual post and
tomb-stone, outside of the museum. One spiritual post representative one Mythun.
We tie mythun to the post, and we kill with bow and arrows, and the spear. But
some people kill with home make gun. After killing, we cut the head, and we
hang to the spiritual post. It is means, offering or sacrifice to the spirit. It
Celebrate about (3) days.
And, on the third day, we set up (his or her) tomb-stone.
It is means, if somebody die, we cremate the body and bringing back the bone
ashes and we put in the pot, and wrapped with (his or her) clothes, and keep
below the tomb-stone. It is not buried in the ground.
He explained again, about
the sign on the spiritual post, the cycle is representing the sun. Other strip is representing about the leaf. These
are mean shining and peaceful. Above all is About “Maün” tribe’s custom. Other tribes make
with only V-shape branches.
After,
we get into the inside of the museum. He continues explain about the skull. Previously,
every hunters hang up their animal’s skull, in front of their hut. It means, to
show their hunting skill, power and strength. He was continue explain about (5)
Mythun skull that hanging on the wall. One spiritual post represents one mythun
skull, so that, the numbers of skulls and spiritual posts are equal. And he explains
about bow and arrows. If we want to kill the mythun, we must shoot directed to
the heart. And the spear also too. It will make the mythun to early die.
He
said, his grandfather was a big hunter. He killed all of these animal’s skulls.
He told us, pointing the skulls on the wall. There are the skulls of tigers,
bear, wild-pig, hornbill, barking deer, monkey, porcupine, must deer, etc. And he shows us a home make gun, gun powder,
lead-ball and how to shoot it. We need to register home make guns, to the
police station.
And
he shows us, the world largest earring, and the picture of a nose flute lady.
He said, if you blow the flute, with your mouth, no sound. He shows us nature tattoo
needles. Ancient’s people use these needles, to draw tattoo on their faces.
And
he shows us, the bamboo musical instrument and how to play and how to adjust
it. It make cut the bamboo and make the strings, it become musical instruments.
And he shows us millet-wine container of the shaman. It is decoration with eagle’s
claws. He shows us water pipe. This smoke is combination of water and tobacco.
Women wore this
necklace among people, to show their husband’s hunter skill. He also shows us
one necklace make with Burma’s old coins. Coins are not use today. And he point
and said us, all these pipes and these things are older than Began, these are during
from 7 centuries. These are made of stone, clay, bronze and silver. He continues
show us bracelets of man and women, man used this to defend and punching, and women
used just for decoration. And he holds a women’s hairpin and said, it also used
to defend. All these are older than Began.
He shows us fossil elephant molar and
said, you can’t see this elephant molar fossil, at another museum in Myanmar. He
also shows us mammoth molar fossil, and he said, in the first, people don’t
believe it, after doing research and confirm by scientist, finally, they
believed. It is about millions of years. Nowadays mammoth are extinction. There is also nothing, at the elephant
museum in Myanmar. There also have undefined fossil things, just look like human’s
brain, undefined strange skull, and other fossil bones. There are stone axes,
probably from Stone Age, and other undefined fossils. All fossils are found in
Mindat, chin state area.
And he shows us a shaman dress; shaman
wore only in the sacrificial ceremony. We also found the longest spear in chin
state. It is for the big guy.
And we found the musical instruments
make with brass, ancient people’s clothes box, wooden plate. Wooden plate has
three functions; it is for rice, curry, pounding chili. We also saw hundred
years old bag made with tree’s fibers, extra spoons, billow made with rattan
and yeast and millet.
We also knew how to cook and store these two become millet-wine.
After 6 months, you can fill water and bamboo-straw force down, after about one
hour you can suck and drink ready.
There also has mythun statue make
with bronze that about 2nd centuries. And there is an old pistol gun
from World War 2. He said his grandfather got it. During World War 2, one of
the British planes has crashed down at the top of his village and two British pilots
were buried by his grandfather. And he took this one from there. We found, there is also have something from World
War 2, just like a bayonet, soldier’s hat. There are old moneys of Myanmar and
also have British and Japanese moneys from World War 2. There is cultural armor
to protect the heart, the knife and spares cannot penetrate this armor. It is
made of buffalo leather and coloring with latex. And the knife input thing is
made with the bone form the shoulder. The knife tail is made with mountain goat
beard, and coloring.
And he shows us, the ancient chief suit and he wore it. The
suit is made with the tree fibers. He wore beads and told us man wear 1 or 2
beads necklaces and women wear 5 bead necklaces. He wore one pants and told us
some old guy still wearing in some villages.
Finally, we are finished learning. He
told us, he will improve his museum to become the best museum in chin state. No
where as you can find such kinds of things. So, all are antique, not a new one.
The museum is locate in BaWaThit Quarter, mindat, chin state.
Photos are source form Internet.
မြန်မာ့ ဘတ်ဂျက် အနီးကြည့် ၊ အဝေးကြည့်
ဘတ်ဂျတ်ဆိုသည့် စကားရပ်၏ အမြစ်တူးကြည့်ပါလျှင် ၁၉ ရာစု အစောပိုင်းတွင် ပေါ်ပေါက်ခဲ့ပြီး ၁၈၆၂ ခုနှစ်တွင် ပြဌာန်းခဲပေသာ ပြင်သစ်ဥပဒေ တစ်ခုတွင်တွေ့ရှိရသည်။ ယေဘူယျ ခြုံငုံပြောရပါလျှင် ဘတ်ဂျက်ဆိုသည်မှာ လာမည့် ဘဏ္ဍာရေး နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရ၏ ဘဏ္ဍာရေး အစီအစဉ်များ ဖြစ်သည်။ ဘတ်ဂျက်အား အစိုးရအဖွဲ့မှ နှစ်စဉ် အကြမ်းရေးဆွဲ၍ လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ယူရလေ့ရှိသည်။ ပုံမှန်အားဖြင့် တစ်နှစ်တာ ကာလအတွက် သာရေးဆွဲလေ့ ရှိသည်။ဘတ်ဂျက်ရေးဆွဲရခြင်း ရည်ရွယ်ချက်များတွင် နိုင်ငံတော်၏ စီးပွားရေး အခြေအနေ တည်ငြိမ်မှု ရှိစေရန်၊ ဝင်ငွေခွဲဝေမှုများ (ဆင်းရဲသူနှင့် ချမ်းသာသူများ) အကြား နှင့် နိုင်ငံတော် ဘဏ္ဍာငွေများအား သက်ဆိုင်ရာ အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် ခွဲဝေချထားပေးရန် တို့ ဖြစ်နိုင်သည်။ သို့သော် နိုင်ငံတစ်ခုချင်းစီမှ အခြေအနေပေါ်မူတည်၍ ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်သော်လည်း ယေဘူယျအားဖြင့် အထက်ပါ ရည်ရွယ်ချက်သုံးမျိုးပေါ်တွင် မူတည်လေ့ရှိသည်။ဘဏ္ဍာရေးနှစ်
ဘဏ္ဍာရေးနှစ်ဟုဆိုလျှင် မြန်မာနိုင်ငံတွင် မျက်စိလည်လေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်မှာ ဧပြီလ(၁) ရက်နေ့တွင် စ၍ မတ်လ (၃၁) တွင် စသောကြောင့် ဖြစ်သည်။ လက်ရှိကျင့်သုံးနေသော ပြက္ခဒိန်နှစ်ဖြင့် ကိုက်ညီမှု မရှိဖြစ်နေတက်သည်။ သို့ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ဘတ်ဂျက်ဥပဒေတွင် ၂၀၁၁-၂၀၁၂ ၊ ၂၀၁၂-၂၀၁၃ ၊၃၀၁၃-၂၀၁၄ စသည်ဖြင့် ပါရှိခြင်း ဖြစ်သည်။ဤကဲ့သို့ ဖြစ်ခြင်းမှာ မြန်မာနိုင်ငံတွင်သာမက အခြားသော ကမ္ဘာ့နိုုင်ငံတော်တော်များများတွင်လည်း တွေ့ရှိရလေ့ရှိသည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းများထဲတွင် ဖြစ်နိုင်ချေရှိသော အကြောင်းကိစ္စတစ်ခုမှာ ကောက်ပဲသီးနှံများ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်များနှင့် အံဝင်ခွင်ကျ ရှိစေရန် ဖြစ်သည်။ စိုက်ပျိုးချိန်၊ရိတ်သိမ်းချိန်များနှင့် ချိန်ညှိမှုပြုထားခြင်းအားဖြင့် လိုအပ်သော အစီီအမီများ ချမှတ်နိုင်မည် ဖြစ်သည်။ အထူးသဖြင့် စိုက်ပျိုးရေးအပေါ်အခြေခံသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုပါ ချိတ်ဆက်မှုအား ပြုလုပ်ထားလေ့ရှိသည်။
ဥပမာပေးရပါလျှင် အန္ဒိယနိုင်ငံတွင် မိုးရာသီစိုက်ပျိုးချိန် ဖြစ်သော မေ၊ဇွန်နှင့် ဇူလိုင်လ အပြီးမှသာလျှင် နိုင်ငံအတွင်း ဝင်ငွေမည်မျှ ရနိုင်မည်ဆိုသည်ကို သိရှိနိုင်သောကြောင့် ဘတ််ဂျက်နှစ်အား အဆိုပါစိုက်ပျိုးရိတ်သိမ်းချိန်များနှင့် ချိန်ညှိထားလေ့ရှိသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စိုက်ပျိုးရေး တစ်ခုတည်းကသာ ဝင်ငွေ ရရှိနိုင်သော တစ်ခုတည်းသော လမ်းကြောင်းမဟုတ်သဖြင့် ပြောင်းလဲလိုက ပြောင်းလဲနိုင်စွမ်းတော့ ရှိသည်။ အလှူရှင်နိုင်ငံများ၏ လှူဒါန်းငွေအပေါ် မီခိုမှု ရှိနေသော ပါ၀ါနယူးဂီနီလို နိုင်ငံများတွင်တော့ ၄င်းတို့၏ ဘဏ္ဍာရေးနှစ်အား တရားဝင်လှူရှင်နိုင်ငံများ၏ ဘဏ္ဍာရေးနှစ်ဖြင့် ချိန်ညှိထားသည်။
ဘတ်ဂျက်အား မြန်မာနိုင်ငံတွင် သုံးလေ့ရှိသော အသုံးအနှုန်းမှာ “ရသုံးမှန်းခြေ ငွေစာရင်း”ဖြစ်သည်။ မည်သို့ပင် ခေါ်စေကာမူ စာရှူသူများ ဖတ်ရှုရ လွယ်ကူစေရန်အတွက် ဘတ်ဂျတ်ဟုသာ တိုက်ရိုက်အသုံးပြုလိုပါသည်။ သို့ဖြစ်သောကြောင့် ဘဏ္ဍာရေးနှစ်စချိန်ဖြစ်သော ဧပြီ ၁ ရက်နေ့မတိုင်ခင် ထွက်ရှိသော ဘတ်ဂျတ်ဥပဒေအား “ ပြည်ထောင်စု ရသုံးမှန်းခြေ ငွေစာရင်း” ဖော်ပြပါရှိသည်။ ဤနေရာတွင် သတိပြုရန် အချက်မှာ “ပြည်ထောင်စု ရသုံးမှန်းခြေ ငွေစာရင်း”ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် ရသုံးမှန်းခြေငွေစာရင်းဟု ဆိုရာတွင် အမျိုးအစားနှစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ယခင်အစိုးရ အဆက်ဆက်တွင် အတော့ ဘတ်ဂျတ်ဟု ဆိုရာတွင် နိုင်ငံတော် ဘတ်ဂျတ်သာရှိခဲ့သည်။ သို့သော် ၂၀၁-၂၀၁၂ တွင်မတော့ ဘတ်ဂျက်ဟု ဆိုရာတွင် “ ပြည်ထောင်စု ဘတ်ဂျတ်နှင့် တိုင်းဒေသကြီး ၊ပြည်နယ် ဘတ်ဂျတ်” ဟူ၍ နှစ်မျိုး ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရသည်။
ဘတ်ဂျက်ဟု ဆိုရာတွင် ဝင်ငွေနှင့် အသုံးစားရိတ် ဟူသော အဓိက အစိတ်အပိုင်းကြီးနှစ်ခု ပါဝင်သည်။ သိ့ုဖြစ်သောကြောင့် ပြည်ထောင်စု ဘတ်ဂျတ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့်စပ်ဆိုင်သော ဝင်ငွေနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အသုံးစားရိတ်များ ပါဝင်မည် ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ် ဘတ်ဂျတ်တွင်မတော့ တိုင်းဒေသကြီး၊ပြည်နယ် အစိုးရအဖွဲ့များ၏ ဝင်ငွေများနှင့် အသုံးစားရိတ်များအား ဖော်ပြပါရှိမည် ဖြစ်သည်။ ဘတ်ဂျတ်ဥပဒေဟု ခေါ်ဆိုချိန်တွင်မတော့ အဆိုပါ ဝင်ငွေ၊ ရငွေများနှင့် အသုံးစားရိတ်များအား အဆင့်ဆင့်မည်ကဲ့သို့ စီမံခန့်ခွဲမည် ဆိုသည်ကို ဖော်ပြပါရှိရမည် ဖြစ်သည်။ ပြည်ထောင်စု ရသုံးမှန်းခြေ ငွေစာရင်း ဥပဒေတွင်မတော့ ပြည်ထောင်စု အစိုးရအဖွဲ့၏ လာမည့် ဘဏ္ဍာနှစ်အတွင်း ဝင်ငွေများအား မည်ကဲ့သို့ ရှာဖွေမည်၊ မည့်သည့် ကဏ္ဍများတွင် သုံးစွဲမည် ဆိုသည်များ ဖော်ပြပါရှိမည် ဖြစ်သည်။ အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘတ်ဂျတ်ဥပဒေများတွင်မတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဝင်ငွေများအား ဘယ်လိုရှာဖွေမည်၊ မည်သည့်နေရာများတွင် သုံးစွဲမည် ဆိုသည်များအား ဖော်ပြပါရှိမည် ဖြစ်သည်။ ပြည််ထောင်စုအစိုးရအဖွဲ့အနေဖြင့် မည်သည့်နည်းလမ်းများဖြင့် ဝင်ငွွေများ ရရှိနိုင်မည်၊ တိုင်းဒေသကြီး၊ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် မည်သည့် နေရာနည်းလမ်းများအားဖြင့့် ဝင်ငွေများရှာဖွေနိုင်မည် ဆိုသည်ကိုကား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအရ ပြဌာန်းသတ်မှတ်ပေးထားသော အခွန်အကောက်စာရင်းများတွင် တွေ့ရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုက်ရိုက်မပါရှိသော်လည်း ညွှွှန်ကြားချက်များ၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ပြည်နယ် အစိုးရအဖွွဲ့များ၏ ညှိနှိုင်းချက်များအရလည်း ကွဲပြားမှု ရှိနိုင်မည် ဖြစ်သည်။
ပြည်သူနှင့် ဘတ်ဂျက်(ပြည်သူ့ဘဏ္ဍာ)
တစ်ကယ်တော့ ပြည်သူဆိုသည်မှာ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်သော မြန်မာနိုင်ငံသား အယောက်စီတိုင်းကို ရည်ညွန်းလိုခြင်းဖြစ်သည်။ တခြားတစ်ဖက်မှ ရှူမြင်ရလျှင် အခွန်ပေးဆောင်သော နိုင်ငံသားအားလုံးကို ရည်ညွန်းလိုခြင်းဖြစ်သည်။ တစ်နည်း အခွန်ထမ်း ပြည်သူဟု ခေါ်သည်။ ဤသို့ဆိုလျှင် အခွန်မဆောင်သော နိုင်ငံသားများ ရှိသလားဟူသော မေးခွန်းကို မေးစရာရှိသည်။
ကျွန်တော့် အနေဖြင့် ဆိုရပါလျှင် လူတိုင်းအခွန်ဆောင်ကြရပါသည်။ ပေးကြရပါသည်။ ကုမ္မဏီကြီးဖွင့်၍ စီးပွားရေးလုပ်ငန်းကြီးလုပ်ကိုင်နေသူမှ အစ ဆိုက်ကားနင်းသူ၊ လယ်စိုက်သူအဆုံး လူတိုင်းအခွန်ဆောင်ကြရပါသည်။ အခွန်ဆောင်ရသည့် ပမာဏနှင့် အခွန်ပေးရသည့် ပုုံစံခြင်းသာ ကွာခြားလျှင် ကွာခြားမည် အားလုံး အခွန်ဆောင်ရပါသည်။
လူတစ်ချို့က မိမိရသော ဝင်ငွေအပေါ်ကို မူတည်၍ အတိုင်းအတာတစ်ခုထိ အခွန်ဆောင်ကြရသည်။ ထိုသို့ပေးဆောင်ရာတွင် တစ်ချို့က တိုက်ရိုက်ပေးဆောင်ကြသည်။ တစ်ချို့က သွယ်ဝိုက်သောနည်းဖြင့် ပေးဆောင်ကြရသည်။ သို့သော် အခွန်ကတော့ ပေးရသည်ပဲဖြစ်သည်။ ချမ်းသားသည် ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ၊ အခွန်ကတော့ ပေးရသည်ပဲ ဖြစ်သည်။ အချို့သော သုတေသန လေ့လာတွေ့ရှိချက်များအရ ဆင်းရဲသော သူများက ချမ်းသာသောသူများ ထက်ပို၍ အခွန်ဆောင်ရသည် ဟုဆိုသည်။
နိုင်ငံတော် နှင့် ဘတ်ဂျက်(ပြည်သူ့ဘဏ္ဍာ)
ဤနေရာတွင် စကားအသုံးနှစ်ရပ်အား ရှင်းစရာရှိပေလိမ့်မည် ။ နိုင်ငံတော် နှင့် ဘဏ္ဍာဖြစ်သည်။ နိုင်ငံတော် ဆိုသည့် စကားရပ်အား ကြားတိုင်း လူအများက အစိုးရကိုသာ မြင်ကြသည်။ နိုင်ငံတော်သည် အစိုးရကို ကိုယ်စားပြုခြင်းမဟုတ်၊ အစိုးရကသာ နိုင်ငံတော်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ အကယ်၍သာ နိုင်ငံတော်အား အိမ်တစ်အိမ် အဖြစ်တင်စားလျှင် ထိုအိမ်အား ထောက်ကန်ပေးထားသော အဓိက ဒေါက်တိုင်များရှိသည်။ အဓိကအားဖြင့် အဓိက ဒေါက်တိုင်ကြီးလေးခု ရှိသည်။ ပထမတစ်ခု အနေဖြင့် လူဦးရေ (population )၊ နိုုင်ငံတော်နယ်နိမိတ်( territority)၊ အချုပ်အခြာအာဏါ (Soverinity) နှင့် အစိုးရ ( Government )ဖြစ်သည်။
အဆိုပါ ဒေါက်တိုင်ကြီးများတွင်မှ အရေးအကြီးဆုံးမှာ ဤနိုင်ငံတွင် မှီတင်းနေထိုင်သော သန်း ၆၀ သောပုဂ္ဂိုလ်များကို ဆိုလိုသည်။
(ဘတ်ဂျတ်) တစ်နည်းအားဖြင့် (ဘဏ္ဍာ )ဆိုသည်မှာ သည်းခြေကြိုက် အရာတစ်ခုဖြစ်သည်။ ဤနေရာတွင် အဓိက ပြောချင်သည်မှာ (ပြည်ထောင်စုု ဘဏ္ဍာ) Union Budget အား ပြောလိုရင်းဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဘတ်ဂျတ် (ဘဏ္ဍာ) တစ်ရပ်တွင် အဓိက အရေးကြီးသော အစိတ်အပိုင်းကြီးနှစ်ရပ် ရှိပါသည်။ ရငွေ (revenue ) နှင့် အသုံးစရိတ် (expenditure ) ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် ဆိုရပါလျှင် ဘတ်ဂျတ်ဥပဒေတစ်ခုတွင် အစိုးရတစ်ရပ်၏ သတ်မှတ်ထားသော အချိန်ကာလ တစ်ခုအတွင်း အကောင်အထည်ဖော် ဆောင်ရွတ်မည့် ငွေကြေး အစီအစဉ်များ ပါရှိတတ်သည်။ ဘတ်ဂျတ်ဥပဒေတစ်ခု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ယေဘူယျအား ဖြင့် နိုင်ငံတော်၏ စီးပွားရေး တစ်ခုလုံးအား ဟန်ချက်ညီီစေရန်၊ နိုင်ငံ့စီးပွား ကြွွယ်ဝမှု မှတစ်ဆင့် နိုင်ငံသားများအား အကျိုးဖြစ်ထွန်းမှု ရှိစေရန်၊ အစိုးရ၏ လုပ်ငန်းဆောင်တာ အမျိုးမျိုးအား လို်အပ်သော ငွေကြေးအရင်းအမြစ်များ ခွဲဝေပေးနိုင်ရန် ဖြစ်သည်။
ရငွေ ဆိုသည်မှာ သတ်မှတ်ထားသော ဘဏ္ဍာရေးနှစ် တစ်နှစ် အတွင်း အစိုးရတစ်ရပ် အနေဖြင့် ခန့်မှန်းတွက််ချက်ထားသော အရပ်ရပ်သော ငွေကြေးပမာဏဖြစ်သည်။ နိုင်ငံတစ်ခုအနေဖြင့် ငွေရနိုင်သော လမ်းကြောင်းပေါင်းများစွာ ရှိနိုင်သည်။ မည်၍ မည်မျှရရှိသည် ဆိုသည်မှာတော့ အဆိုပါနိုင်ငံအား စီမံခန့်ခွဲနေသော ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ရည်အပေါ်တွင် မူတည်သည်။ အချို့သော အစိုးရများက စီိးပွားရေးလုပ်ရာတွင် ပါးနပ်သည်။ လုပ်တတ်ကိုင်တတ်သည်။ ရရှိလာသော ငွေများအား မည်ကဲ့သို့ ရင်းနှီးမြှပ်နှံမည် နိုင်ငံသားများ၏ အကျိုးစီးပွားအား မည်ကဲ့သို့ တိုးတက်အောင် လုပ်မည်ဆိုသည်ကိုပါ နားလည် သဘောပေါက်သဖြင့် ပန်းတိုင်သို့ ရောက်ကြသည်။ အချို့ကား ထိုသို့မဟုတ်၊ စီးပွားရေးမလုပ်တတ်သဖြင့် နိုင်ငံတွင်ရှိသည့် သယံဇာတများကိုသာ ရောင်းစားပြီး ငွေရှာတတ်သည်။ ပိုဆိုးသည်ကား အဆိုပါ သယံဇာတများ၏ တန်ဖိုးလည်း မသိသဖြင့် လက်လွတ်စပါယ် လုပ်တတ်ကြသည်။ ရရှိလာသည့် ငွွေကြေးများကို လည်း ဘယ်လို၊ ဘယ်ပုံ ရင်းနှီးရမည်လည်း မသိ၊ နိုင်ငံ့ အကျိုးစီးပွားအား မည်ကဲ့သို့ တိုးတက်အောင် လုပ်ဆောင်ရမည် ကိုလည်းမသိသဖြင့်၊ ပန်းတိုင်မရောက်ဘဲ လမ်းခုလတ်တွင် တဝဲလည်လည် ဖြစ်၍ နောက်ဆုံး မငြိမ်သက်မှုများ၊လူမျိုးရေး နိုင်ငံရေး ပဠိပက္ခများ၊ အဓိကဠုန်းများ၊ အဆိုးဆုံး အနေဖြင့် ပြည်တွင်း စစ်များဖြင့် နိဂုံး ချုပ်တက်ကြသည်။ အရေးကြီးဆုံး အချက်မှာတော့ နိုင်ငံ့အရေးအရာများအား စီမံခန့်ခွဲသူများ၏ “စိတ်စေတနာ” အခြေခံဖြစ်သည်။ အချို့သော ပုဂ္ဂိုလ်များကား စိတ်အခြေခံကောင်းသဖြင့် နိုင်ငံ၏ အကျိုးကိုရှေ့တန်းတင်သဖြင့် ပန်းတိုင်ရောက်ခြင်းများ ရှိသကဲ့သို့၊ အချို့သော ပုဂ္ဂိုလ်များကား မိမိကောင်းစားရေး၊ ဆွေမျိုးပေါက်ဖော်ကောင်းစားရေးဖက်သို့ ဦးလည်သွားသော အခါ နိုင်ငံတစ်ခုလုံံး အနေဖြင့် ပြာပုံတိုးရသည့် အဖြစ်မျိုးများလည်း ကြုံကြရသည်။
အသုံးစရိတ်ဆိုသည်မှာလည်း ထိုနည်းလည်းကောင်းပင်၊ သတ်ဆိုင်ရာ ဘဏ္ဍာရေးနှစ်တစ်ခုအတွင်း မည်သည့်ကဏ္ဍများတွင် မည်ရွေ့မည်မျှ သုံးစွဲမည်ဆိုသည်ကို ခန့်မှန်းလျာထားခြင်းဖြစ်သည်။ ဆိုတော့ နားလွယ်လည်အောင် ပြောရလျှင် ထိုသို့သော ဝင်ငွေ နှင့် အသုံးစရိတ်များကို စီမံခန့်ခွဲရန် အစီအစဉ်ချခြင်းဖြစ်သည်။
့အပြင် ဘတ်ဂျတ်အား နိုင်ငံရေး ကိရိယာတစ်ခု အဖြစ်လည်း ရှူမြင်နိုင်သလို စီးပွားရေး နှင့် လူမှုရေးဆိုင်ရာ ကိရိယာတစ်ခုအနေဖြင့်လည်းရှူမြင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရမှ လိုအပ်သော ဝင်ငွေရှာဖွေနိုင်ရန် အတွက် သင့်လျှော်သော ပေါ်လစီ၊မူဝါဒများ ချမှတ်လိုက်သော အခါ ထို ချမှတ်လိုက်သော ပေါ်လစီ မူဝါဒများ အပေါ် မူတည်၍ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ကလည်း ငှင်းတို့၏ စီးပွားရေးနှင့် သက်ဆိုင်သော မူဝါဒများအားလိုက်လံ ထိန်းညှိသောကြောင့်ဖြစ်သည်။ ထို့အပြင် အစိုးရတစ်ရပ်၏ ဘတ်ဂျတ်မူဝါဒများ အပေါ်မူတည်၍ သက်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်လေ့ရှိသောကြောင့်ဖြစ်သည်။
ဒီ့အပြင် ဘတ်ဂျတ်ခွဲဝေချထားမှုများ မှ တစ်ဆင့်လည်း အစိုးရတစ်ရပ်၏ လားရာ၊ဦးစားပေး အစီအစဉ်များကို လည်း သိရှိနိုင်သည်။ ဥပမာအားဖြင့့် ကျန်းမာရေးကဏ္ဍ အတွက် အသုံးစရိတ် ခွဲဝေချထားပေးမှုမှ တစ်ဆင့် အစိုးရ၏ အမျိုးသား ကျန်းမာရေးဏ္ဍ အပေါ်တွင် အာရုံစိုက်မှုကို သိရှိနိုင်သည်။ အလားတူ ပညာရေးကဏ္ဍ ဘတ်ဂျတ်ကို ကြည့်ခြင်းအားဖြင့်လည်း အစိုးရ၏ ပညာရေးအပေါ်တွင် ထားရှိသော သဘောထားကို လည်းသိရှိနိုင်သည်။ အစိုးရ၏ ဂတိကဝတ်များ မည်မျှကောင်းမွန်ပါစေ၊ မိန့်ခွန်းများ မည်မျှကောင်းကောင်းပြောပါစေ၊ အမှန်တစ်ကယ် ၄င်းတို့၏ ဦးစားပေး အစီအစဉ်များမှာ ၄င်းတို့ခွဲဝေချထားပေးသော ဘတ်ဂျတ်ခွဲတမ်းများ အပေါ်တွင် ပေါ်လွင်ပါနေလေ့ရှိပါတော့သည်။
Credit The Watchdog
Subscribe to:
Posts (Atom)
How is your day - Interactive Practice
1 Listen All | Person A | Person B A: "What are you doing now?" B: "I'm watching TV." A: "What are yo...